ရေပေါ်မှာ စပါးစိုက်နည်း

ရေပေါ်မှာ ဖောင်ဖွဲ့ပြီး စပါးစိုက်တဲ့ နည်းကို ဦးဝင်းမြင့်က ဆန်းသစ်တီထွင် လယ်မြေတခွင် အစီအစဉ်မှာ ပြောပြထား ပါတယ်။
ဝါးဖောင်ပေါ်မှာ မြေကြီး ပါးပါးတင်ပြီး ရေပြင် ပေါ်မှာ စိုက်တဲ့နည်း ဖြစ်ပါတယ်။
ထိုင်း နိုင်ငံမှာ ရောက်နေတဲ့ ရှမ်း လူမျိုး ဦးခင် ဟာ ဒီနည်းနဲ့ စိုက်ပျိုး အောင်မြင်နေပါတယ်။
တဧက ကို ပျှမ်းမျှ စပါး တင်း ၇၀ လောက်ထွက်ပြီး တနှစ်မှာ သုံးသီးစိုက် နိုင်ပါတယ်။