ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာရှ လမ်းမကြီး ပြန်ဖွင့်
မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျတဲ့ ကရင်ပြည်နယ်ထဲက ဘားအံ -ကော့ကရိတ်-မြဝတီတို့ကို ဆက်သွယ် ဖောက်လုပ်ထားတဲ့ အာရှလမ်းမကြီးကို ဧပြီလ ၂ ရက် မှာ ပြန်လည်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ အဲဒီလမ်းပိုင်းကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကစလို့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ခဲ့ပြီး ပိတ်ခဲ့တဲ့အတွက် ထိုင်း-မြန်မာ နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်း ရပ်တန့်သွားပြီး ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းသွားခဲ့ရပါတယ်။ နှစ်နှစ်နီးပါး အကြာပိတ်ခဲ့တဲ့ လမ်းကုန်သွယ်ရေး လမ်းမကြီး ပြန်ဖွင့်မယ့်အပေါ် ကုန်သည်တွေရဲ့ သဘောထား ဘယ်လိုရှိပါသလဲ။ ဘေးကင်းလုံခြုံစွာ သွားလာနိုင်တဲ့ အနေအထားရှိပြီလား။ အပြည့်အစုံကို ကိုရင်မောင်က ပြောပြမှာပါ။