အီရန်မှာ အပစ်ရပ်စဲရေး သမ္မတ ထရမ့် သက်တမ်း တိုးပေး
အီရန်မှာ အပစ်ရပ်စဲရေး သမ္မတ ထရမ့် သက်တမ်း တိုးပေး
အီရန်နဲ့ အမေရိကန်တို့ အကြားက ၂ ပတ်ကြာ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် အချိန်မပြည့်ခင် နာရီပိုင်း အလိုမှာပဲ သမ္မတ ထရမ့်က အပစ်ရပ် သက်တမ်းတိုးကြောင်း ကြေညာပါတယ်။ ဟော်မုဇ် ရေလက်ကြားမှာ အခြေအနေက တင်းမာနေဆဲ ဖြစ်ပြီး ကွန်တိန်နာ သင်္ဘောသုံးစင်းကို အီရန်က တိုက်ခိုက်ခဲ့ပြီး၊ နှစ်စင်းကို ထိန်းသိမ်းခဲ့သလို ရေလက်ကြားကို ထိန်းချုပ်မှုတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဘီဘီစီ သတင်းထောက် ဒေးဗစ် ဝီလီစ္စရဲ့ သတင်းကို ကိုဘိုဘိုက ပြောပြပေးထားပါတယ်။