ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ရဟတ်ယာဉ် ပျက်ကျတဲ့နေရာ ကေအိုင်အေ ရှင်းလင်း
စစ်ရဟတ်ယာဉ် ပျက်ကျတဲ့နေရာ ကေအိုင်အေ ရှင်းလင်း
မေလ ၂၀ ရက်နေ့တုန်းက ကေအိုင်အေနဲ့ ပူးပေါင်း တပ်ဖွဲ့တွေ ပစ်ခတ်လိုက်လို့ ပျက်ကျသွားခဲ့တဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ရှိတဲ့ နေရာကို နယ်မြေရှင်းလင်းရေး လုပ်တဲ့ အခါ စစ်သား အလောင်း ၁၈ လောင်းနဲ့ မီးလောင် ပျက်စီးနေတဲ့ လက်နက်တွေကို တွေ့ရှိရတယ်လို့ ကေအိုင်အေ ပြောခွင့်ရသူက ဘီဘီစီကို အတည်ပြု ပြောကြားပါတယ်။ အဲဒီ ရဟတ်ယာဉ်တွေရဲ့ အကြောင်းနဲ့ စစ်ရေး အခြေအနေကို ကိုရင်မောင်က ပြောပြပေးမှာပါ။