မြန်မာစက်သုံးဆီ ကျူအာစနစ်နဲ့ ရောင်းချမယ်
မြန်မာစက်သုံးဆီ ကျူအာစနစ်နဲ့ ရောင်းချမယ်
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ တောင်ကြီးတို့မှာ မတ်လ ၁၂ ရက် ဒီနေ့ကစလို့ ကျူအာစနစ်နဲ့သာ စက်သုံးဆီရောင်းချပေးတော့တာပါ။ ယာဉ်မှတ်ပုံတင် သက်သေခံအချက်အလက်နဲ့ တိုက်ဆိုင်စစ်ဆေးပြီး တရက်တခါသာ ရောင်းပေးတာမျိုး ဖြစ်ပါတယ်။ စက်သုံးဆီ လုံလောက်မှုရှိစေဖို့ ကန့်သတ်အစီအမံတွေ တခုပြီးတခု ထုတ်ပြန်တဲ့အထဲ အခုလို ကျူအာစနစ်နဲ့ ဆီရောင်းချမှုက ဘယ်လိုအခြေအနေရှိနိုင်မှာပါလဲ။ လက်ရှိမြန်မာနိုင်ငံမှာ စက်သုံးဆီလက်ကျန် ဘယ်လောက်ရှိနိုင်ပါသလဲ။ ကိုဟိန်းကိုစိုးက ပြောပြမှာပါ။



