ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သိုးမွေးက ထုတ်မယ့် သွားတိုက်ဆေး
သိုးမွေးက ထုတ်မယ့် သွားတိုက်ဆေး
အနာဂတ်မှာ သိုးမွေးကနေ ထုတ်တဲ့ သွားတိုက်ဆေးတွေ သုံးလာကြမလား။ လန်ဒန်က ကင်းစ် ကောလိပ်မှာ ရှိတဲ့ သုတေသီတွေ အလိုအရ ဆိုရင်တော့ သုံးကြမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ ဒီလိုပါ သူတို့က ဆံပင်၊ အရေပြားနဲ့ သိုးမွေးတို့မှာ တွေ့ရတဲ့ ကာရတ်တင်း ဆိုတဲ့ ပရိုတိန်းဟား သွားရဲ့ ကြွေလွှာကို ပြန်ပြုပြင်ပေးနိုင်စွမ်း ရှိတာနဲ့ သွားပိုးစားတာမျိုး သွားပျက်စီးမှုတွေကို ဖြစ်ကာစ အဆင့်မှာ တားဆီးနိုင်စွမ်း ရှိတာကိုတွေ့ ခဲ့ကြပါတယ်။ အန်နာ အို နီးလ်ရဲ့ သတင်းကို မသီရိဇော်က ပြောပြမှာပါ။