အမေရိကန်ရဲ့ အပစ်ရပ်အဆို အီရန်လက်မခံ
အမေရိကန်ရဲ့ အပစ်ရပ်အဆို အီရန်လက်မခံ
အစ္စရေး စီးပွားရေး ဝန်ကြီး နီယာ ဘာကက်က အီရန်စစ်ပွဲ အပစ်ရပ်ရေးအတွက် အမေရိကန်က အဆိုပြုထားတယ်လို့ ဆိုကြတဲ့ ၁၅ ချက် ပါတဲ့ အစီအစဉ်တွေကို အီရန်ဘက်က သဘောတူမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ အီရန်ဘက်ကလည်း အမေရိကန်နဲ့ ဆက်သွယ်မှု လုပ်ခဲ့တယ် ဆိုတာနဲ့ ပတ်သက်လို့ ငြင်းဆိုနေဆဲ ဖြစ်ပါတယ်။ အီရန်နဲ့ အမေရိကန် အကြား တွေ့ဆုံ ဆွေးနွေးဖို့ ကိစ္စနဲ့ ပတ်သက်လို့ လုပ်မယ် မလုပ်ဘူး အပြန်အလှန် ကြေညာချက်တွေ ထုတ်နေကြစဉ်မှာပဲ အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်ကလည်း အမေရိကန် တပ်ဖွဲ့ဝင် ထောင်နဲ့ချီပြီး အီရန်ကို စေလွှတ်တော့မှာ ဖြစ်ပါတယ်။ အစ္စရေးနဲ့ အီရန်အကြားလည်း အပြန်အလှန် တိုက်ခိုက်နေကြဆဲဖြစ်ပါတယ်။ ဘီဘီစီရဲ့ နိုင်ငံတကာ သတင်းအယ်ဒီတာ ဂျယ်ရမီ ဘိုဝင်ပေးပို့ထားတဲ့ သတင်းကို ကိုမင်းထက်က ပြောပြမှာပါ။



