ထိုင်း နိုင်ငံခြားရေး ဝန်ကြီး မြန်မာကို လာရောက် ဆွေးနွေး
ထိုင်း နိုင်ငံခြားရေး ဝန်ကြီး မြန်မာကို လာရောက် ဆွေးနွေး
ထိုင်း နိုင်ငံက ဒုတိယ ဝန်ကြီးချုပ်လည်း ဖြစ်၊ နိုင်ငံခြားရေး ဝန်ကြီးလည်း ဖြစ်တဲ့ မစ္စတာ ဆီရာဆက်ခ် ဖုန်ခက်ကောင်း ဟာ အသွင်ပြောင်း အစိုးရ ခေါင်းဆောင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ မစ္စတာ ဆီဟာဆက်ခ်ဟာ အသွင်ပြောင်း အစိုးရလက်ထက်မှာ ပထမဆုံး ရောက်လာတဲ့ အာဆီယံ ဒေသတွင်းက အဆင့်မြင့် သံတမန် တစ်ယောက် ဖြစ်ပါတယ်။ နေပြည်တော်နဲ့ ပူးပေါင်း ဆောင်ရွက်မယ်လို့ပြောထားတဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးရဲ့ ခရီးစဉ်မှာ မြန်မာ့ အရေးနဲ့ ပတ်သက်လို့ ဘာတွေ ဆွေးနွေးခဲ့ကြပါသလဲ။ မသူဇာလင်းက ပြောပြပေးမှာပါ။