ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အွန်လိုင်းပေါ်မှာ ရောင်းနေတဲ့ မှိုရဲ့ အကျိုးအပြစ်
ဆိုင်လိုဆိုင်ဘင်း ဆိုတဲ့ ဓာတုဗေဒဓာတ်တစ်မျိုးပါတဲ့ မှို အမျိုးအစားတွေကို ပြည်တွင်းမှာ သုံးစွဲသူ တချို့ရှိနေပြီးနဲ့ ဒီမှိုအမျိုးအစားတချို့ကို အွန်လိုင်းကနေ ရောင်းချနေတာလည်း ရှိနေပါတယ်။
ဒီအကြောင်းအရာဟာ ဆိုရှယ်မီဒီယာမှာလည်း ဒီရက်ပိုင်းအတွင်း လူပြောအများဆုံးအကြောင်းအရာ ဖြစ်လာနေပါတယ်။ အဲဒီမှိုက ဘယ်နေရာမှာ အသုံးများပါသလဲ။ ဒီမှိုနဲ့ ပတ်သက်လို့ ဘာတွေ သတိပြုသိထားသင့်ပါသလဲ။ အကြောင်းစုံကို မရွှေပိုးနီ ပြောပြပေးမှာပါ။