ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြဝတီကုန်သွယ်ရေးလမ်းတွေ မိုးများပြီး ပျက်စီး ပြတ်တောက်နေ
ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး၊ တောင်ပတ်လမ်းပေါ်က တောနော်ရေ တံခွန်နားမှာ လမ်းမြေပြိုကျလို့ လမ်းဟောင်းကိုသုံးကြရမှာ အဲဒီလမ်းဟောင်းလမ်းပိုင်းတွေပါ ထပ်ပြိုကျခဲ့ပါတယ်။ ဒါကြောင့် မြဝတီဘက်ခြမ်းကို အသွားအလာအားလုံးနီးပါးရပ်တန့်သွားပြီး ရေကြီးလမ်းပျက်မှု သုံးရက်တာ ရှိလာချိန်မှာ အဲဒီက နောက်ဆက်တွဲအခြေအနေဘယ်လိုရှိသလဲ။ သဘာဝ ဘေးဒဏ်ရော၊ စစ်ဘေးဒဏ်ပါ ခံနေရတဲ့အကြောင်း အဲဒီက အခြေအနေတွေကို ကိုကျော်ဇေယျက ပြောပြပေးပါမယ်။