ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး ယာယီပိတ်
ရန်ကုန်မှာရှိတဲ့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို ယာယီပိတ်ထားလိုက်လို့ နိုင်ငံကူး လက်မှတ် လာရောက် လျှောက်ထားသူတွေ ရုံးထဲဝင်ခွင့်မရခဲ့ကြပါဘူး။
ဘယ်တော့ပြန်ဖွင့်မယ်ဆိုတာလည်း တိတိကျကျမထုတ်ပြန်လို့ ရက်ချိန်းရထားသူတွေနဲ့ နိုင်ငံခြားမှာ အလုပ်သွားလုပ်မယ့်သူတွေ အခက်ကြုံနေကြရပါတယ်။ အကြောင်းစုံကို ကိုတင်အောင်ကျော် ပြောပြမှာပါ။