ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုဗစ်ကာကွယ်ရေး ဘာတွေလုပ်ထားလဲ
မနက်ဖြန်ဆိုရင် ဘေဂျင်းမြို့တော်ဟာ နွေရာသီနဲ့ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ နှစ်ခုစလုံးကို လက်ခံကျင်းပတဲ့ ပထမဆုံးမြို့ ဖြစ်လာပါတော့မယ်။
ဆောင်းရာသီ အိုလံပစ်ပွဲကို နိုင်ငံရေးရည်မှန်းချက်အတွက် အသုံးမချသင့်ကြောင်းနဲ့ အိုလံပစ်ပွဲတော်ဟာ ငြိမ်းချမ်းရေးနဲ့ စည်းလုံးညီညွတ်မှုရဲ့ သင်္ကေတ တစ်ခုသာ ဖြစ်သင့်တယ်လို့ နိုင်ငံတကာ အိုလံပစ် ကော်မတီအကြီးအကဲ တိုးမတ်စ် ဘပ်ခ် က ပြောပါတယ်။
ကိုဗစ်လုံးဝ မရှိစေရလို့ အခိုင်အမာ ပြောနေတဲ့ တိုင်းပြည်မှာ ဒီအားကစားပွဲကြီး ကျင်းပမှာဖြစ်ပြီး အိုမီခရွန်မျိုးကွဲ ဗိုင်းရပ်စ်ပျံ့နှံ့ နေတဲ့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုကြီး ရင်ဆိုင်နေရပါတယ်။
အချင်းချင်းမကူးစက်ရအောင် သီးခြား နေရာတွေ သတ်မှတ်ပြီး တင်းတင်းကျပ်ကျပ် ခွဲခြားကန့်သတ် ထားပါတယ်။
ဘီဘီစီ တရုတ်ရေးရာ သတင်းထောက် Stephen McDonell ပေးပို့တဲ့ သတင်းကို ကိုဇေယျာ ပြောပြပေးပါမယ်။