ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီသီယိုးပီးယား စစ်ပွဲ နိုင်ငံတကာ စေ့စပ်မှု အစိုးရ လက်မခံ
အီသီယိုးပီးယား နိုင်ငံမြောက်ပိုင်း က ဒီဂရေးဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲ ပြေငြိမ်းရေးအတွက် နိုင်ငံတကာရဲ့ စေ့စပ်ညှိနှိုင်းမှုတွေကို လက်ခံမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် အေဘစ်အာမက်က ပြောကြားလိုက်ပါတယ်။
အစိုးရနဲ့ စစ်ဖြစ်နေတဲ့ တီဂရေးတပ်ဖွဲ့အနေနဲ့လည်း ဒီကနေ့နောက်ဆုံးထားပြီး လက်နက်ချဖို့ သူက တောင်းဆိုလိုက်ပြီး။ လက်နက်မချဘူး ဆိုရင် တီဂရေး ဒေသရဲ့ မြို့တော် မီခီလီကို ဝင်တိုက်ဖို့ ညွှန်ကြားထားပါတယ်။
ပြီးခဲ့တဲ့ ၃ ပတ်က စပြီး အီသီးယိုးပီးယား နိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် လူရာပေါင်းများစွာ သေဆုံးခဲ့ရပြီးဖြစ်သလို၊ ထောင်နဲ့ချီတဲ့လူတွေဟာလည်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါပြီ။ ဒီစစ်ပွဲအခြေအနေကို ကိုဘိုဘိုက ပြောပြပေးမှာပါ။