ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂရိက ရွှေ့ပြောင်းဒုက္ခသည် ပြဿနာ
ဥရောပတိုက်ကို လာနေကြတဲ့ ရွှေ့ပြောင်းဒုက္ခသည် ပြဿနာသစ်တွေရဲ့ အထဲမှာ ဂရိက လက်စ်ဘော့စ်ကျွန်းလည်း အာရုံစိုက်ခံနေရပါတယ်။ အဲဒီမှာ ရှိတဲ့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက သူတို့ ဝန်ထမ်းတွေက တူရကီဘက်နေ ပင်လယ်ဖြတ်လာကြတဲ့ လူတွေကို ကူညီဖို့ လုပ်နေစဉ်မှာပဲ ခြောက်လှန့် တိုက်ခိုက်ခံရတာမျိုးတွေ ကြုံရတယ်လို့ ပြောကြပါတယ်။ အဲဒီက အုပ်ချုပ်ရေးမှုးက ဒေသခံ တချို့ရဲ့ အပြုအမူတွေအတွက် တောင်းပန်ခဲ့ပါတယ်။ တူရကီက ဆီးရီးယား ဒုက္ခသည်တွေကို သူ့ရဲ့ နယ်စပ်တွေကို ဖြတ်ကျော်ခွင့် ပြုခဲ့တဲ့ နောက် ပြီးခဲ့တဲ့ သောကြာနေ့ကစလို့ လက်စ်ဘောစ်ကို ရွှေ့ပြောင်း ဒုက္ခသည် ရာပေါင်းများစွာ ရောက်လာကြပါတယ်။ မအေးသူစံ က ပြောပြမှာပါ။