ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရန်ကုန် အာဇာနည်ဗိမာန်မှာ ဗုံးခွဲခဲ့တဲ့ မြောက်ကိုရီးယား သူလျှို
တောင်ကိုရီးယားသမ္မတ ချန်ဒူးဝှမ်ကို လုပ်ကြံဖို့ မြောက်ကိုရီးယားသူလျှိုတွေ ရန်ကုန်ကို ရောက်လာပြီး ဗုံးခွဲခဲ့တာ အောက်တိုဘာ ၉ ရက်နေ့ဆိုရင် ၃၆ နှစ်ရှိပါပြီ။ ဗုံးခွဲပြီးနောက် သူလျှိုတွေက ထွက်ပြေးပုန်းကွယ်သွားတဲ့အတွက် မြန်မာရဲနဲ့စစ်သားတွေ လိုက်လံရှာဖွေ ဖမ်းဆီးခဲ့ရပါတယ်။ အဲဒီသူလျှိုတွေထဲက နောက်ဆုံးမှာ အသက်မသေဘဲ ကျန်ရစ်တဲ့ မြောက်ကိုရီးယားဗိုလ်ကြီးကတော့ အင်းစိန်ထောင်ထဲမှာ နှစ်ရှည်ထောင်ဒဏ်ကျခံရင်း ရန်ကုန်မှာပဲ ကွယ်လွန် သွားခဲ့ပါတယ်။
သူ့အကြောင်းအပါအဝင် ဒီမြောက်ကိုရီးယားသူလျှိုတွေအကြောင်း ဘီဘီစီမြန်မာပိုင်းက မအိမ့်ခိုင်ဦးက တင်ဆက်ပေးထားပါတယ်။