ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်လာသန်းချီဆုကြေးငွေရမယ့် ဂိမ်းပြိုင်ပွဲ
Fortnite အွန်လိုင်းဗီဒီယိုဂိမ်း ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွေကို နယူးယောက်ခ်မြို့မှာ ကျင်းပနေပါတယ်။
ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရဖို့ ဂိမ်းကစားသူ သန်း ၄၀ လောက်ဟာ အွန်လိုင်းမှာ သီတင်းပတ် ၁၀ ပတ် ကျော် ယှဉ်ပြိုင်ခဲ့ရပါတယ်။
ဒါပေမဲ့ နောက်ဆုံး ဆန်ခါတင် အယောက် ၁၀၀ ကပဲ ဒီပြိုင်ပွဲ ဝင်ခွင့်ရခဲ့ကြပြီး ဒီပွဲမှာ အနိုင်ရသူဟာ ဒေါ်လာ ၃ သန်း ဆုကြေးငွေ ရရှိမှာပါ။
ဒါဟာ အီလက်ထရောနစ် ကွန်ပျူတာဂိမ်းပြိုင်ပွဲတွေထဲမှာ ဆုကြေးငွေ အများဆုံးရတဲ့ပွဲလည်း ဖြစ်ပါတယ်။
ဒီအကြောင်း ကိုကျော်ဇေယျက ပြောပြမှာပါ။