ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပြောက်ကျား လူငယ်တွေ ဆက်တိုက်အဖမ်းခံနေရတဲ့ကြားက အငြိမ်းစားစစ်တပ်အရာရှိတစ်ဦး ပစ်ခတ်ခံရ
စစ်ကောင်စီရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်နေတဲ့ မြို့ပြပျောက် ကြားအဖွဲ့ဝင်တွေ အခုရက်ပိုင်းအတွင်းမှာတင် ဆယ်ချီပြီးဖမ်းဆီးခံနေရပါတယ်။
ဖမ်းဆီးခံရသူတွေကတဆင့်ကွင်းဆက် လိုက်လံဖမ်းဆီးမှုတွေလည်း ရှိသလို၊ ဖမ်းဆီးခံရသူတွေအပေါ် သူတို့မကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စွပ်စွဲတာလည်းရှိတယ်လို့ ဆိုကြပါတယ်။ အပြည့်အစုံကို ကိုသိမ်းမြတ် ပြောပြမှာပါ။