ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကျင်းပ
အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကျင်းပ
မလေးရှားနိုင်ငံက အာဆီယံဥက္ကဌအဖြစ် သူတာဝန်ယူခဲ့ချိန် တစ်နှစ်တာကာလအတွင်း မြန်မာ့အရေး ဆောင်ရွက်ချက်တွေကို ဆန်းစစ်တင်ပြထားတဲ့ အစီရင်ခံစာကို ဒီကနေ့ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ တင်သွင်းဖို့ရှိပါတယ်။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်လာတဲ့ ဖိလစ်ပိုင်နိုင်ငံကလည်း မနက်ဖြန်မှာ မြန်မာ့အရေး ကိုင်တွယ်ဆောင်ရွက်မယ့် အဆိုပြုချက်တစ် ခုတင်သွင်းဖို့ ပြင်ဆင်နိုင်တယ်လို့ စုံစမ်း သိရပါတယ်။ ဖိလစ်ပိုင်ရဲ့ အဆိုပြုချက်က ဘာဖြစ်နိုင်မလဲ။ ဖိလစ်ပိုင်က မြန်မာအရေးကို မြန်မြန်ဆန်ဆန်ထိတွေ့ဆောင်ရွက်ဖို့ ကြိုးပမ်းနေတာ ဘာကြောင့်ပါလဲ။ ကိုမောင်က စုစည်း ပြောပြမှာပါ။