ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပဋိပက္ခဒေသ ပညာရေး ခါးဆက်ပြတ်မှု ဖြစ်ပေါ်
ပဋိပက္ခဒေသ ပညာရေး ခါးဆက်ပြတ်မှု ဖြစ်ပေါ်
ရခိုင်၊ မကွေးနဲ့ စစ်ကိုင်းအပါအဝင် ပဋိပက္ခတွေဖြစ်နေတဲ့ နေရာအများစုမှာ ကလေးတွေ ပညာသင်ကြားခွင့် ဆက်လက်ဆုံးရှုံးနေပြီး တချို့နေရာတွေမှာ အခြေခံပညာအထက်တန်းအဆင့်ကို မရောက်နိုင်ဘဲ ပညာရေးခါးဆက်ပြတ်သွားသူတွေများလာတယ်လို့ ဒေသခံတွေနဲ့ ပညာရေးပိုင်း ကူညီပေးနေသူတွေက ပြောပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံအသစ်မှာလည်း ပဋိပက္ခဒေသတွေမှာ အထက်တန်းကျောင်းတက်နိုင်မှု အတော် နိမ့်ကျသွားတယ်လို့ ဖော်ပြထားပါတယ်။ ဆယ်ကျော်သက်အရွယ်တွေ ပညာသင်ကြားရေးမှာ ဘယ်လိုအခက်အခဲ အတားအဆီးတွေ ရင်ဆိုင်နေရပါသလဲ။ မတာရာက ပြောပြပေးမှာပါ။