ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လက်ဘနွန်နဲ့ အရှေ့အလယ်ပိုင်းမှာ အစ္စရေး ဆက်တိုက်ခိုက်နေ
လက်ဘနွန်နဲ့ အရှေ့အလယ်ပိုင်းမှာ အစ္စရေး ဆက်တိုက်ခိုက်နေ
အစ္စရေးက ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟာဆန် နာစ်ရဲလာကို သုတ်သင်ခဲ့ပြီးနောက်မှာလည်း လက်ဘနွန်နဲ့ အရှေ့အလယ်ပိုင်းထဲက ပစ်မှတ်တွေကို တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂကတော့ လက်ဘနွန် တောင်ပိုင်းက စစ်ဘေးလွတ်ဖို့ ရှောင်ပြေးလာသူ ပေါင်း ၁ သိန်းကျော်သွားပြီလို့ ပြောပါတယ်။ ဘီဘီစီရဲ့ အရှေ့အလယ်ပိုင်းရေးရာ အကြီးတန်းသတင်းထောက် အိုလာ ဂါရန်က ဘက်ကာ တောင်ကြားကနေ ပေးပို့ထားတဲ့ သတင်းကို မသီရိဇော်က ပြောပြမှာပါ။ အခုသတင်းထဲမှာ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ ပါနိုင်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။