ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီရန်ခေါင်းဆောင်သစ်ရွေးချယ်
အီရန်ခေါင်းဆောင်သစ်ရွေးချယ်
အီရန်မှာ ဘာသာရေး အကြီးအကဲတွေက နိုင်ငံရေး ဘာသာရေး ခေါင်းဆောင်သစ်အဖြစ် မွတ်ရှ်တာဘာ ခါမေနီကို တင်မြှောက်လိုက်ကြပါတယ်။ သူဟာ အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို စတင်တိုက်ခိုက်တဲ့ ပထမနေ့မှာပဲ သေဆုံးသွားခဲ့တဲ့ ဖခင်ဖြစ်သူ ရဲ့ အရိုက်အရာကို ဆက်ခံမှာ ဖြစ်ပါတယ်။ သူ့ကို တော်လှန်ရေး အရန်တပ်တွေနဲ့ နီးစပ်တဲ့ သဘောထားတင်းမာသူ အဖြစ် ရှုမြင်ကြပါတယ်။ အခုလို ရွေးချယ်လိုက်တာကြောင့် တီဟီရန်ဟာ အမေရိကန်နဲ့ အစ္စရေးတို့နဲ့ ဆက်လက် တိုက်ခိုက်သွားမယ့် လက္ခဏာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။ ဘီဘီစီ သတင်းထောက် ဂျိုး အင်ဝုဒ်ရဲ့ သတင်းကို ကိုမင်းထက်က ပြောပြမှာပါ။