AA ရဲ့ ဒါးလက်ချောင်း အကျဉ်းစခန်းကို စစ်တပ် လေကြောင်းတိုက်ခိုက်

AA ရဲ့ ဒါးလက်ချောင်း အကျဉ်းစခန်းကို စစ်တပ် လေကြောင်းတိုက်ခိုက်

အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်း ဒေသထဲက စစ်သုံ့ပန်းတွေထားတဲ့ အကျဉ်းစခန်းဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ အတွက် လူတစ်ရာကျော် သေဆုံးခဲ့ပါတယ်။ သေဆုံးခဲ့သူတွေထဲမှာ စစ်တပ်က ဗိုလ်မှူးချုပ်နဲ့ ဗိုလ်မှူးအဆင့်ရှိသူတွေပါပါတယ်လို့ အေအေထိန်းချုပ်မှုအောက်မှာရှိတဲ့ စစ်သုံ့ပန်းတွေက ပြောကြပါတယ်။ ဒီအကြောင်း ကိုဝေဖြိုးက ပြောပြမှာပါ။ ဒီသတင်းထဲမှာ စိတ်မချမ်းမြေ့ဖွယ် အကြောင်းများ ပါဝင်တာကို ကြိုတင် သတိပေးပါတယ်။