ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လိင်စော်ကားခံခဲ့ရတဲ့ အသက် ၁၂ နှစ် မိန်းကလေးကို ကယ်နိုင်ခဲ့
လိင်စော်ကားခံခဲ့ရတဲ့ အသက် ၁၂ နှစ် မိန်းကလေးကို ကယ်နိုင်ခဲ့
နှစ်ပေါင်းများစွာ လိင်စော်ကားခံခဲ့ရတဲ့ အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးရဲ့ ပုံတွေကို dark web ပေါ်မှာ တွေ့ခဲ့ရအပြီးမှာ အမေရိကန်အထူးစုံစမ်းစစ်ဆေးရေးမှူး နှစ်ဦးက အဲဒီမိန်းကလေးကို ကယ်တင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံက တစ်နေရာရာမှာ ဒီမိန်းကလေး ရှိနေတယ်ဆိုတဲ့ သတင်းအချက်အလက်တစ်ခုထဲကိုပဲ စုံစမ်းစစ်ဆေးရေးမှူးတွေ ရထားခဲ့တာလို့ BBC Eye စုံစမ်းစစ်ဆေးရေးဌာနက သိခဲ့ရပါတယ်။ ဒီအကြောင်း ကိုဝေဖြိုးက ပြောပြမှာပါ။ ဒီသတင်းထဲမှာ စိတ်မချမ်းမြေ့စရာအကြောင်းတွေ ပါနိုင်ကြောင်း ကြိုတင် အသိပေးထားပါရစေ။