ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂါဇာမှာ လိုအပ်နေတဲ့ စားနပ်ရိက္ခာ ပမာဏ အနည်းငယ်သာ ပေးပို့ခွင့်ရ
ဂါဇာမှာ လိုအပ်နေတဲ့ စားနပ်ရိက္ခာ ပမာဏ အနည်းငယ်သာ ပေးပို့ခွင့်ရ
ဂါဇာ ကမ်းမြှောင် ဒေသမှာ အရေးပေါ် လိုအပ်နေတဲ့ ကူညီ ထောက်ပံ့ရေး ပစ္စည်းတွေ တင်ဆောင်ထားတဲ့ ထရပ်ကား အစီး ၉၀ ကို စေလွှတ်နိုင်ခဲ့တယ်လို့ ကုလသမဂ္ဂ ဘက်က ပြောကြားပါတယ်။ ဒါဟာ အစ္စရေး ဘက်က ဆယ့်တစ်ပတ်ကြာ ပိတ်ဆို့ထားပြီးနောက်မှာ ဂါဇာမှာ လိုအပ်နေတဲ့ စားနပ်ရိက္ခာ ပမာဏ အနည်းငယ်သာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဂါဇာမှာ စစ်ဆင်ရေး တိုးချဲ့ ဆောင်ရွက်နေမှုတွေနဲ့ အကူအညီတွေကို အကန့်အသတ်နဲ့သာ ပို့ခွင့် ပြုထားတဲ့ အခြေအနေကို အစ္စရေး ဝန်ကြီးချုပ်က ကာကွယ်ပြောကြားမှုတွေလည်း လုပ်ခဲ့ပါတယ်။ မသီရိဇော်က ဆက်ပြီးပြောပြပေးမှာပါ။