ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပင်လယ်ကွေ့နဲ့ အရှေ့အလယ်ပိုင်းက မြန်မာတွေ နေရပ်ပြန်နိုင်မလား
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ဆင် တိုက်ခိုက်မှုကို ခံနေရတဲ့ အီရန်က အရှေ့အလယ်ပိုင်းနဲ့ ပင်လယ်ကွေ့ ဒေသတွင်းက နိင်ငံတွေကို လက်တုံ့ပြန် တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေပါတယ်။ အဲဒီလို တိုက်ခိုက်မှုတွေကြောင့် အဲဒီ နိုင်ငံတွေမှာ ရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေကို သက်ဆိုင်ရာနိုင်ငံတွေက ပြန်လည် ကယ်ထုတ်ပြီး မူရင်းနေရပ် ပို့ဆောင်ပေးတာတွေရှိနေပါတယ်။ အရှေ့အလယ်ပိုင်းနဲ့ ပင်လယ်ကွေ့ ဒေသအတွင်း ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်ဖို့ ရော အစီအစဉ်တွေ ရှိနေပါသလား။ အဲဒီက သက်ဆိုင်ရာ မြန်မာသံရုံးတွေကရော ကူညီ ကယ်ထုတ်ပေးတာ မျိုးတွေရှိနေပါသလား။ အပြည့်အစုံကို မတာရာက ပြောပြပေးပါမယ်။