ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြစ်ကြီးနားလေဆိပ်တိုက်ခိုက်မှု KIA ကို တရုတ်မေးမြန်း
မြစ်ကြီးနားလေဆိပ်တိုက်ခိုက်မှု KIA ကို တရုတ်မေးမြန်း
ဖေဖော်၀ါရီလကုန်ပိုင်းက တရုတ်အစိုးရက ကချင်လွတ်လပ်ရေး တပ်မ တော် (KIO/KIA) အဖွဲ့ကို တရုတ်နိုင်ငံကို ဖိတ်ခေါ်ပြီး စကားပြောဆိုခဲ့ပါတယ်။ တွေ့ဆုံချိန်မှာတော့ မြစ်ကြီးနားလေဆိပ်ကို KIA က တိုက်ခိုက်ခဲ့လားဆိုတာကို အဓိက မေးမြန်းခဲ့တယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမယ့် အစိုးရသစ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ တရုတ်ဘက်က တိုက်တွန်းမှုတွေလည်း ရှိလာနေပါတယ်။ ဒီအကြောင်း မစန္ဒာဝင်းက ပြောပြမှာပါ။